Print

ရင်သားလှပစေမည့် လေ့ကျင့်ခန်းများ

  01-Mar-2017
Preview Image

 

ပလတ်စတစ်ဆာဂျီရီနဲ့ ခွက်ပါတဲ့ ဘရာတွေကသာ သင့်ရင်သားကို လှပစေနိုင်တာ မဟုတ်ပါဘူး။ သဘာဝအတိုင်း ရင်သားမြှင့်တင်တဲ့ လေ့ကျင့်ခန်း လုပ်နေစဉ် ရင်သားရဲ့အပေါ်၊ ပတ်ပတ်လည်မှာရှိတဲ့ ကြွက်သားတွေကို အားစိုက်ထားပါ။ ရင်သားလေ့ကျင့်ခန်းတွေ ဟာ ရင်သားကို လှပစေရုံသာမက ပခုံး၊ လက်မောင်းနဲ့ ဗိုက်ကြွက်သားတွေပါ အဆီကျပြီး ကျစ်လျစ်သန်မာစေပါတယ်။ 

 

ရင်ကိုဖွင့်ပြီး လေ့ကျင့်ပါ
• ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးကာ ခါးဆန့်ထားပါ။ ခန္ဓာကိုယ်ကို ရှေ့သို့ ညွှတ်ထားပါ။ လက်မောင်းကို ရှေ့သို့ တည့်တည့်ဆန့်ထားပြီး အလေးမ ပစ္စည်းကို ကိုင်ထားပါ။


• လက်မောင်းကြွက်သားကို အားပြုပြီး လက်ကိုဘေး တန်းတန်း ဆန့်ထုတ်ပါ။ လေကို ရှူသွင်းပြီး ရင်ကို ဖွင့်ထားပါ။ ၁၀ ကြိမ် ပြုလုပ်ပါ။ နံရံကို အသုံးပြုပြီး လေ့ကျင့်ပါ။


• ခြေထောက်ကို နံရံနဲ့ အနည်းငယ် ခွာရပ်ပါ။ လက်ဖဝါးများကို နံရံပေါ်မှာ ထောက်ထားပါ။ လက်ကို ဆန့်တန်းထား လက်ကို ဆန့်တန်းထားပါ။


• နံရံနား ထိရောက်အောင် တံတောင်ကို ကွေးပါ။ လက်မောင်းနဲ့ ရင်ဘတ်ကြွက်သားကို အားပြုတွန်းတင်ပါ။ ၁၀ ကြိမ် ပြုလုပ်ပါ။ 

 

ရင်သားတင်းရင်းစေသော လေ့ကျင့်ခန်းများ


၁။ ဘောလုံး ဖမ်းပါ

ကြမ်းပြင်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကို မျက်နှာမူပါ။ ဒူးကို အနည်း ငယ်ကွေးကာ ဘောလုံးကို ရင်ဘတ်ပေါ်မှာ တင်ထားပါ။ အပေါ်သို့ မြှောက်တင်ပါ။ လက်မောင်းနှစ်ဖက်ကို တည့်တည့်ဆန့်တန်းပြီး ပြန်ဖမ်းပါ။ ၁၀ ကြိမ် ပြုလုပ်ပါ။

 

၂။ ဘယ်ခြေညာလက်မြှောက် ညာခြေဘယ်လက်မြှောက်ပါ

လက်ကို ကြမ်းပြင်မှာထောက်ပြီး ပခုံး၊ တင်ပါး၊ ခြေမျက်စိတို့ကို တစ်တန်း တည်း ဖြစ်အောင်နေပါ။ ညာခြေနဲ့ ဘယ်လက်ကို မြှောက်ပါ။ ဖြည်းဖြည်းချင်း ပြန်ချပါ။ ဘယ်ခြေနဲ့ ညာလက်ကိုမြှောက်ပါ။ တစ်လှည့်စီ ၁၀ ကြိမ် ပြုလုပ်ပါ။

 

ရင်သားမြင့်တင်ပေးသော လေ့ကျင့်ခန်းများ


၁။ တစ်ဝက်ထိုင် လေ့ကျင့်ပါ

• ခုံတန်းရှည် (သို့) ထိုင်ခုံအစွန်းမှာ လက်ကို နောက်ပြန်ထောက်ပါ။ ခါးကို မတ်မတ်ထားပြီး ဒူးကို ထောင့်မှန်ပုံ ကွေးထားပါ။


• တံတောင်ကို ကိုးဆယ်ဒီဂရီ ကွေးပြီး တင်ပါးကိုကြမ်းပြင်နှင့် မထိစေဘဲ နီးနိုင်သမျှ နီးအောင် ထိုင်ချပါ။ လက်နဲ့ ပြန်တွန်းတင်ပါ။ ၁၀ ကြိမ် ပြုလုပ်ပါ။

 

၂။ ဘောလုံးနဲ့ လေ့ကျင့်ပါ

• ဘောလုံးပေါ်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ထောက်ထားပါ။ ခြေဖျားနဲ့ ကြမ်းပြင်ကို ထောက်ထားပြီး ခန္ဓာကိုယ်ကို မျဉ်းဖြောင့်အတိုင်း ဆန့်တန်းနေပါ။


• လက်မောင်းနှင့် ရင်ဘတ်ကြွက်သားတွေကို အားပြုပြီး ဒိုက်ထိုးပါ။ အကြိမ် ၂၀ ပြုလုပ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေလေး (ဆေးဝါး)
Arogyam magazine, No.286, May 2016, Pg. 147-150

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18